Kandawgyi Lake

Der Kandawgyi-See ist einer von zwei großen Seen in Yangon, Myanmar. Der See liegt östlich der Shwedagon-Pagode und ist künstlich angelegt. Das Wasser vom Inya-See wird durch eine Reihe von Rohren zum Kandawgyi-See geleitet.

Im Original: Ich versteh kein Wort aber ich finde die Schrift schön:

ကန်တော်ကြီး ကန် သည် ရန်ကုန်မြို့တွင်ရှိပြီး အင်းလျားကန် ပြီးလျင် ဒုတိယအကြီးဆုံးကန် ဖြစ်သည်။ ရွှေတိဂုံဘုရား၏ အရှေ့ဘက်တွင် တည်ရှိပြီး အင်းလျားကန်ကို ရေပိုက်များဖြင့် ဆက်သွယ်ထားသည်။

၁၁၄၇ ခုနှစ် (မြန်မာ?၊ ကောဇာ?) ဘိုးတော်ဘုရား လက်ထက်တွင် ရန်ကုန်ဝန် ဦးရွှေရေး က မြို့သူမြို့သားများ ကျန်းမာရေး အတွက် ရေကောင်းရေသန့် ရစေရန် တူးဖော်သည်။ ဗြိတိသျှ ရန်ကို ကာကွယ်ရန် မွေးမြူထားသော ဆင်၊ မြင်း၊ ကျွဲ၊ နွားများ အသုံးပြုရန် အတွက် ထပ်မံတူးဖော်သော ကန် ကို ကန်တော်ကလေး ဟု အမည်တွင်စေသည်။ [၁]

ရန်ကုန်မြို့လယ်ရှိ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး တပ်မြေတွေကို ရေသန့်ရရှိစေရန် ဖန်တီးထားခြင်းဖြစ်ပြီး ခန့်မှန်း အဝန်း ၅ မိုင်နှင့်၈ ကီလိုမီတာ ရှိသည်။



၁၅၀ ဧကခန့်ရှိသည့် ကန်တော်ကြီး တဝိုက် တွင် ၁၁၀ ဧက ရှိသည့် မြေပဒေသာကျွန်း ၊ ဗိုလ်ချုပ်ပန်းခြံ၊ ကရဝိတ်၊ ပန်းကန်လုံးကျွန်း၊ ချစ်သူများကျွန်း၊ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ၊ ငါးပြတိုက်၊ သံရုံးများ၊ ဆေးရုံများ နှင့် အဆင့်မြင့် ဟော်တယ်များ တည်ရှိသည်။ မြောက်ဘက် နှင့် အရှေ့ဘက် တွင် နတ်မောက်လမ်း၊ အနောက်ဘက် တွင် ဗဟန်း လမ်း၊ တောင်ဘက်တွင် ကန်ရိပ်သာလမ်း တို့ တည်ရှိသည်။ ယခင် ဗိုလ်ချုပ်ခင်ညွန့် လက်ထက် က နိုင်ငံတော် အဆင့် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲ များ လည်း ကျင်းပခဲ့သည်။ ကရဝိတ် သည် ကန်တော်ကြီးတဝိုက် အထင်ရှားဆုံးနေရာ တစ်ခုလည်းဖြစ်သည်။

၁၆ ရက် ဧပြီ ၂၀၁၀ မြန်မာ့သင်္ကြန် ညနေပိုင်း မှာ ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ၂၄ ယောက်သေဆုံး၍ ၆၀ ဦး ဒဏ်ရာရရှိခဲ့သည်။

Quelle: Wikipedia

Schreibe einen Kommentar

Deine E-Mail-Adresse wird nicht veröffentlicht. Erforderliche Felder sind mit * markiert